ဝါးခယ်မ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အစိုးရဓမ္ဓာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သာသနာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဝါးခယ်မမြို့ ကွမ်းခြံကုန်းကျောင်းတိုက်၌ ယနေ့မွန်းတည့်(၁၂)နာရီက ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အစိုးရဓမ္ဓာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ (၁၃)ရက်နေ့ တိုင်အောင် နေ့လည် (၁၂)နာရီ မှ (၃)နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး သံဃာတော်များ စာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးများ ချထားပေးခြင်း၊ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ အစိုးရဓမ္ဓာစရိယနှင့် ပါဠိပထမပြန်စာပေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ရဟန်း(၁၉)ပါး၊ သာမဏေ(၄၀)ပါးနှင့် သီလရှင်(၁၉)ပါး စုစုပေါင်း(၇၈)ပါး စာရင်းပေး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ဝါးခယ်မမြို့နယ် သာသနာရေးဦးစီးဌာနမှ သိရသည်။
စောသန္တာဦး(ပြန်/ဆက်)