စလင်း ၊ ဇွန်၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့တွင် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က စလင်းမြို့နယ်ရှိအ.ထ.က(၁)ကျောင်းဝိုင်းအတွင်း၌ ၂၀၂၁ ခုနှစ်အစိုးရဓမ္မာ စရိယစာမေးပွဲနှင့် ပါဋိပထမပြန်စာမေးပွဲကို စတင်ဖြေဆိုလျက်ရှိကြောင်းသိရှိရသည်။
စလင်းမြို့အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့တွင် အခြေပြုမူလတန်း၊ ပထမ ငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းဟုခွဲ၍ ဖြေဆိုကြရပါသည်။ ဘာသာရပ်များ အနေဖြင့် ဝတ်နည်း၊ ကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်ဘာသာ၊ ဓမ္မပဒ၊ ဒွေမာတိ ကာဘာသာ၊ ဓမ္မပဒတို့ဖြေဆိုကြရပြီး ရဟန်းနှင့်သီလရှင်စုစုပေါင်း (၃၀) ပါးရှိပြီး ပါဋိ ပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေ့လည်(၁၂)နာရီမှ(၃)နာရီ အထိဖြေဆိုရမည်ဖြစ်သည်။
အဆိုပါစာမေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ စာဖြေသံဃာတော်များ အား လက်သန့်ဆေးရည်ပေးခြင်း၊ ပါးစပ်နှာခေါင်းစည်းများလှူဒါန်းခြင်း၊ စာမေးပွဲကျင်းပ နေစဉ်အတွင်း စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီတို့မှ ဆွမ်း၊ အချိုရည်များနေ့စဉ် ဆက်ကပ်လှူဒါန်းပြီး၊ ကျန်းမာရေးဦးစီးဌာနမှ ယာယီဆေးခန်းများဖွင့်လှစ်၍ ကျန်းမာရေး ဆောင့်ရှောက်မှု ပေးလျှက်ရှိကြောင်းသိရှိရသည်။ မောင်လွင်(စလင်း)