စစ်တွေဇွန် ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်းသင်တန်းကို ရက်သတ္တသုံးပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာအုပ်စု၊ တိုက်နယ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သင်ကြားပေးလျက်ရှိပြီး သင်တန်းတွင် စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့် လက်တွေ့ ၇၀ ရာခိုင်းနှုန်းခွဲကာ သင်ကြားပေးလျက်ရှိသည်။ သင်တန်းတွင် သင်ကြားမည့် အထောက်အကူ ပြုပစ္စည်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖြန့်ဝေပေးထားပြီး စစ်တွေမြို့ပေါ်မှ သင်တန်းဆရာများက စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိသည်။
သင်တန်းသို့ ကြွီတဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ ဦးတက် သင်ကြား လျက်ရှိကြောင်း သိရသည်။
တင်ထွန်း