ပြည် ဇွန် ၇
၂၀၂၁ခုနှစ် ဇွန် ၅ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိန်းနေ့ အထိမ်းအမှတ် ထုတ်ဝေသော စာအုပ်စာစောင်များနှင့် အသိပညာပေး မှတ်တမ်းဗီဒီယို တို့ကို ယမန်နေ့က ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ လှူဒါန်းရာတွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သိမှတ်ဖွယ်ကာတွန်းရုပ်ပြစာအုပ် (၁၁)အုပ်၊ ၂၀၂၁ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် (၁၅)စောင်နှင့် မှတ်တမ်းဗီဒီယို(VCD)တစ်ချပ်တို့ပါဝင်ပြီး အဆိုပါ စာအုပ်စာစောင်များနှင့် အသိပညာပေး မှတ်တမ်းဗီဒီယိုတို့ကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ပြည်သူ့စာကြည့်တိုက်သို့ လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် ယင်းတို့ကို ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ထွေးက ခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့် ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)