စေတုတ္တရာမြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်

စေတုတ္တရာ ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အတွင်း ရပ်ရွာလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာများသို့ ကွင်းဆင်းကာ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ရွာလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များ၊ မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေး မကျန်ရှိစေရေးနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့တွင် ပြည်သူလူထုမှ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် အချက်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိရေး ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်နေသည့် အစီအစဉ်များ၊ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေသခံ ရပ်မိရပ်ဖများ၊ ကျေးရွာများရှိ အခြေခံပညာကျောင်းများမှ ပညာရေး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

ခင်သန်းလှိုင်