ရေနံချောင်းမြို့နယ်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

 

 

ရေနံချောင်း ဇွန် ၄

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဝန်ထမ်းများ စာဖတ်သည့် အလေ့ အကျင့် ရရှိစေရန်နှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ စာဖတ် ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌန လူထုအခြေပြုဗဟိုဌာန (C0mmunity Centre)ခန်းမ၌ ပြုလုပ်သည်။

 

 

ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန္ဒာလှိုင်က မောင်ခင်မင်(ဓနုဖြူ)၏ ရုံးသုံးမြန်မာစာရေသားနည်းစာအုပ်ပါ အကြောင်းအရာများထဲမှ ရုံးတွင်းစာ(ခွင့်စာ၊တင်ပြစာ)၊ အမိန့်ကြော်ငြာစာ၊ ရုံးတွင်း အမိန့်စာ၊ပေးစာ၊အမှာစာ၊ နှိုးဆော်စာ၊အစည်းအဝေးဖိတ်ကြား စာနှင့်မှတ်တမ်း၊ပုဒ်ဖြတ် ပုဒ်ရပ်သင်္ကေတ တို့ကိုလည်းကောင်း ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုးသူအောင်က သတင်းရေးသားထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ သတင်းရေးသားရာတွင် သတိပြုရမည့်အချက်များ၊ သတင်းတန်ဖိုး ရှိ/မရှိ နှိုင်းယှဉ်ချက်များ၊ သတင်းမီဒီယာသမား များလိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးရာ တက်ရောက် လာသည့် ဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြ သည်။

 

 

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲများကို အပတ်စဉ်ပြုလုပ်သွားမည်ဖြစ်ပြီး စာဖတ်ဝိုင်း ဆွေးနွေး ပွဲများပြုလုပ် ခြင်းဖြင့် ရုံးဝန်ထမ်းများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေခြင်းနှင့် ရုံးလုပ်ငန်းများ စွမ်းဆောင်ရည်မြှင့် တင်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

 

စိုးသူအောင်