ဟင်္သာတမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၉၇ ဖြင့် ၂၀၆၄ ဦး အောင်မြင်

ဟင်္သာတ  ဩဂုတ်  ၁၀

၂၀၂၀ ပြည့်နှစ်၊  တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဝက်ဆိုက်(ဘ်)များမှတစ်ဆင့် ယမန်နေ့နံနက်()နာရီအချိန်တွင် ထုတ်ပြန်ကြေညာချက်တွင် ဟင်္သာတမြို့နယ်မှ တက္ကသိုလ်ဝင်စာ မေးပွဲအောင်ချက်ရာ ခိုင်နှုန်း ၃၂ ဒသမ ၉၇ ရှိကြောင်းသိရသည်။

ယခုနှစ်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဟင်္သာတမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ ၆၂၆၁ ဦး အနက် အောင်မြင်သူ ၂၀၆၄ ဦးရှိပြီး ဘာသာဂုဏ်ထူးရသူ () ဦး၊ ဘာသာ ဂုဏ်ထူးရသူ (၁၂) ဦး၊ ဘာသာဂုဏ်ထူးရသူ (၁၅) ဦး၊ ဘာသာဂုဏ်ထူးရသူ (၄၂) ဦး၊ ဘာသာဂုဏ်ထူးရသူ (၁၄၈) ဦးနှင့် ဘာသာဂုဏ်ထူးရသူ (၃၅၉) ဦးရှိခဲ့ကြောင်း သိရှိရသည်။

ဟင်္သာတမြို့နယ်၌ သက်ဆိုင်ရာစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တာဝန်ရှိသူများ၏ ကြီးကြပ်မှုများဖြင့် ခုံနံပါတ်စဉ်အလိုက် ကြည့်ရှုနိုင်အောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)