သမိုကျေးရွာအုပ်စုအတွင်းရှိ သမို(ဒါးကျိုင်း)ချောင်းကူးတံတား ဆောင်ရွက်မှုလုပ်ငန်း (၈၀)ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ    ဇွန်   

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြှင့်မားစေရန်ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊သမိုကျေးရွာအုပ်စုအတွင်းရှိ သမို(ဒါးကျိုင်း) ချောင်းကူး တံတားအား ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ်တွင်လုပ်ငန်းများ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါတံတားသည် မိကြောင်-သမို-ရောထ-ဝါးမီးကလား-သရီးဖိုးခီး-ရှမ်းရွာသစ်မြို့သို့ ဆက်သွယ် ထားသည့် လမ်းမဖြစ်ပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံ‌ငွေ ကျပ်(၃၂၁.၅၀၀)သန်းဖြင့် အရှည် ၁၈၀ ပေ RC တံတားအမျိုးအစားဖြစ်ပြီး Than Aye &Sons   ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုအခါ တံတားသည်(၈၀)ရာခိုင်နှုန်းပြီးစီးပြီး ဖြစ်ရာ ယင်းတံတားပြီးစီးပါက သမိုကျေးရွာအုပ်စုနှင့် မိကြောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ပြည်သူများအနေဖြင့် ကျန်းမာရေး၊ စီးပွားရေး ပညာရေး၊လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာအတွက် ပိုမိုလွယ်ကူအဆင်‌ပြေလာမည်ဖြစ် ကြောင်းသိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)