ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီများ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

 

ပဲခူး        ဇွန်

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အောက်ထပ်အစည်းအဝေးခန်းမ၌ ဇွန် ၄ရက် နံနက် ၁၀နာရီက တိုင်းဒေသကြီး ကလေး သူငယ် အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ ဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ် ချုပ်ရေး ကောင်စီဝင်() ဦးအောင်မင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ကလေးသူငယ် အခွင့် အရေးများဆိုင်ရာကော်မတီကို အဖွဲ့ဝင်(၁၈)ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ခရိုင်/မြို့နယ်အဆင့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီကိုလည်း ဆက်လက်ဖွဲ့စည်း လျက်ရှိ ကြောင်း၊ အပြည်ပြည် ဆိုင်ရာ ကလေး သူငယ်အခွင့်အရေးဆိုင်ရာကော်မတီ (UNCRC) အဓိကအခွင့်အရေး ()ရပ်ဖြစ်သည့် အသက် ရှင်သန်ခွင့် (Surival) ဖွံ့ဖြိုးတိုးတက်ခွင့် (Development) ကာကွယ်စောင့်ရှောက်ခွင့်(Protection)နှင့် ပါဝင် ဆောင်ရွက်ခွင့် (Participation) တို့ကို ကလေးသူငယ်တိုင်းရရှိအောင် ကော်မတီအနေဖြင့် ဆက်လက် ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ ကလေးသူငယ်တိုင်း အခွင့်အရေးပြည့်ပြည့် ဝဝရရှိပြီး အသက်အရွယ် အလိုက် ဖွံ့ဖြိုးတိုးတက်စေရန် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ကော်မတီ၏လုပ်ငန်း ဆောင်ရွက်ချက်များဖြစ်သည့် ကလေးသူငယ် ကာကွယ်စောင့် ရှောက်ရေး လုပ်ငန်းအနေဖြင့် ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးခြင်း၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်အရ ကလေးသူငယ်မှု ခင်းများ၊ သက်ငယ် မုဒိန်းမှုများကို လိုက်ပါကူညီဆောင်ရွက်ခြင်း၊ တရားရုံးများမှ တောင်းခံလာသည့် ကလေး သူငယ်ကြီးကြပ်သူ အစီရင်ခံစာ များကို ပြန်လည်ပေးပို့ခြင်း၊ မိသားစုပြန်လည်ပေါင်းစည်းရေးကိစ္စများ၊ ကလေးမွေးစားခြင်း၊ ကလေးမှုခင်းများအတွက် တရားရုံးစရိတ်နှင့် အသက်မွေးဝမ်းကြောင်းစရိတ် ထောက်ပံ့ခြင်း၊ သုံးမွှာ ပူးမွေး ဖွားသည့် မိခင်အားငွေကြေး ထောက်ပံ့ခြင်း စသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့် ကော်မတီဝင်များက ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ပဲခူးတိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော် မတီနှင့် အမျိုးသမီးကော်မတီ ဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင် () ဦးအောင်မင်းက ကော်မတီဝင်များအနေဖြင့် COVID-19ကပ်ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းဘောင်အတွင်းမှ ကလေး သူငယ်အခွင့်အရေးများ ပြည့်ပြည့် ဝဝရရှိအောင် ဆောင်ရွက်ပေးရန်နှင့် ကလေးငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားရရှိအောင် တတ်စွမ်း သလောက်ဆက်လက် ဆောင်ရွက်ပေးကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ဌာနပိုင် မူကြိုကျောင်း(၁၂)ကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၉၃)ကျောင်း၊ မိခင်ဝိုင်း(၄၅) ဝိုင်းဖွင့်လှစ် ထားရှိပြီး ပုဂ္ဂလိကမူကြိုကျောင်း(၇၂)ကျောင်းကိုလည်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြုမှတ်ပုံတင် ထုတ်ပေး ပြီး ဖြစ်သည့်အပြင် ယမန်နှစ်က COVID-19ကပ်ရောဂါကြောင့် ကျောင်းများ ပိတ်ထားခဲ့ရပြီး ယခုအခါ ကျောင်း များ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)