လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

 

လှိုင်းဘွဲ ဇွန် ၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန်၊ စာပေမှရရှိသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ “မိသားစုနှင့်ဆယ်ကျော်သက်အရွယ်” စာအုပ်ဖြင့် ယနေ့ နံနက် (၁၀)နာရီခွဲ အချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းအားဖြင့် အသိပညာဗဟုသုတများ ပိုမိုးတိုးပွားလာခြင်း၊ စာပေမှရရှိလာသော အသိပညာ ဗဟုသုတများကို လူ့ပတ်ဝန်းကျင်တွင် အသုံးချတတ်လာခြင်း၊ စာပေကို ဖတ်ရှုလေ့လာခြင်း အားဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး အမှားအမှန်ကို ဝေဖန်ခွဲခြားနိုင်ခြင်း စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော Book Club အဖွဲ့ဝင်များက စာရေးဆရာ ပါမောက္ခ ဦးခင်မောင်သန်း ရေးသားသော မိသားစုနှင့်ဆယ်ကျော်သက်အရွယ် စာအုပ်၏ ရည်ရွယ်ချက်၊ စာအုပ်တွင် ပါရှိသော ခေါင်းစဉ်များအလိုက် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)