သာယာဝတီမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်

 

သာယာဝတီ ဇွန်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူ များအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အသိပညာပေး လုပ်ငန်း တစ်ရပ် အဖြစ် ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ  ပုညခင်၏ အသိပညာပေးစာအုပ် တစ်အုပ် ဖြစ်သည့် တိမ် တစ်စနှင့် နွယ်တစ်မျှင် စာအုပ်အား ခရိုင် ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်မှ ပတ်ဝန်းကျင် အနေအထားအရ စိတ်ထား၊ စရိုက်ကြမ်းတမ်းမှုများကို  နုညံ့တဲ့စိတ်ထား အဖြစ်ပြောင်းလဲသွားပုံ ယင်းသို့ ပြောင်းလဲသွားစေရန် မေတ္တာ စေတနာ အနစ်နာတို့ဖြင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာရရှိစေရန်အတွက် ဦးဆောင် ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ သာယာဝတီခရိုင်အတွင်း မြို့နယ်များမှ မြို့နယ်ဦးစီးမှူးများနှင့်ဓါတ်ပုံကျွမ်းကျင် - ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး စာဖတ် ဝိုင်းတွင် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေး ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)