ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ

ပန်းတောင်း ဇွန် ၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများ က စာရေးဆရာချစ်နိုင် ရေးသားသော အ​​​​ကြီးအမှူးဖြစ်စေတတ်သော စာအုပ်ပါ အကြောင်း အရာများကို အချင်းချင်း အမြင်ချင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)