ရေနံချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

 

ရေနံချောင်း ဇွန် ၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ထုတ်ပေးနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ကျမ်းကိုင်ကျွန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းနိုင်နှင့် ဝန်ထမ်းများက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နေအိမ်တွင် စုရပ်ပြု၍ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု အတွင်းရှိ ရှားတပင်၊ ရှားတော၊ ရွာမ၊ ရွာသာညွှန့်၊ ဒန်ကုန်းဟောင်း၊ ဒန်ကုန်းသစ်၊ ဆူးလေကုန်း၊ ကံသာ၊ ရွာသာအေး ကျေးရွာ ၉ ရွာမှ နိုင်ငံသား စိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမျှမပြုလုပ်ရသေးသူ အသက်(၁၀)နှစ် နှင့်အထက် ၂၀ ဦး၊ အသက်(၁၈)နှစ်နှင့်အထက် ၃၈ ဦး စုစုပေါင်း ၅၈ ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးသူအောင်