ဒေးဒရဲ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်က ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားစေရန်နှင့် တပိုင်တနိုင် အသက်မွေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သင်တန်းသားများ အနေဖြင့် လက်သမား၊ ပန်းရံ အတတ်ပညာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေး သွားမည်ဖြစ်၍ ကြိုးစာသင်ယူကြစေလိုကြောင်းနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား(၂၀)ဦး တက်ရောက်လျက်ရှိပြီး (၂-၆-၂၀၂၁)ရက်နေ့မှ (၃၀- ၆-၂၀၂၁) ရက်နေ့အထိ (၂၈)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)