အုတ်ဖိုမြို့နယ်တွင် သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ရေကန်ထူးဖော်

အုတ်ဖို ဇွန် ၃

သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆင်ဂေါင်းအုပ်စု၊ လင်းလွန်းပင် CLC တွင် ရေကန်ထူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါရေကန်မှာ (၀.၉၀) ဧက ရှိပြီး ကန်ဘောင်များ နိမ့်၍ ရေကန်ကောခြင်းကြောင့် ရေရှိမှု အားနည်းနေပြီး စခန်းဝန်းအတွင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိသည့် ငရုတ်၊ ပန်းဂေါ်ဖီ၊ တိုင်ထောင် ပဲ စသည့် အခြားသီးပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းစေရန်နှင့် စခန်းဝန်းကျင်ရှိ ကျေးလက်နေ ပြည်သူများ သောက်သုံးရေလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် ပြန်လည်တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းထံမှ သိရသည်။

အောင်သူ(အုတ်ဖို)