ခန္တီး သြဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ ခန္တီးစာစစ်ဌာနနှင့် ကောင်းဟိန်စာစစ်ဌာနတို့မှ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ( ၈၇၁) ဦးရှိသည့်အနက် (၁၄၈) ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၁၆ ဒသမ ၉၉ ဖြစ်ကာ ယခင်နှစ်ထက် ၁ ဒသမ ၉၈ ရာခိုင်နှုန်း လျော့နည်း ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခန္တီးစာစစ်ဌာနတွင် အ.ထ.က ခန္တီး၊ အ.ထ.က ဆင်သေ၊ အ.ထ.က(ခွဲ) နားမေတ္တာနှင့် အ.ထ.က( ခွဲ ) မြို့မ စသည့် ကျောင်း ( ၄ ) ကျောင်းတို့မှ ဖြေဆိုသူ (၈၁၄) ဦး၊ အောင်မြင်သူ(၁၂၈) ဦး၊ အောင်ချက်ရာခိုင်နှုန်း ၁၅ ဒသမ ၇၂ ၊ ကောင်းဟိန်စာစစ်ဌာနတွင် ဖြေဆိုသူ (၅၇) ဦး၊ အောင်မြင်သူ (၂၀) ဦး၊ အောင်ချက်ရာခိုင်နှုန်း ၃၅ ဒသမ ၀၉ ဖြစ်ကာ မြို့နယ်ချုပ် ဖြေဆိုသူ (၈၇၁) ဦး၊ အောင်မြင်သူ(၁၄၉) ဦး၊ အောင်ချက်ရာခိုင်နှုန်း ၁၆ ဒသမ ၉၈ ဖြစ်ကြောင်း၊ ယခင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အောင်ချက်ရာခိုင်နှုန်းမှာ ၁၈ ဒသမ ၉၇ ဖြစ်သဖြင့် အောင်ချက်ရာခိုင်နှုန်းသည် ယခင်နှစ်ထက် ၁ ဒသမ ၉၈ ရာခိုင်နှုန်း လျော့နည်းခဲ့ခြင်းဖြစ်သည်။
ခန္တီးမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ စာစစ်ဌာနတစ်ခုတည်းသာထားရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်၍ ကောင်းဟိန် အ.ထ.က ကျောင်းက စာစစ်ဌာနရရှိခြင်းဖြစ်ကြောင်း သိရသည်။
အမ်းအင်းလမ်း (ပြန် /ဆက်)