ကြံခင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ ကျင်းပပြုလုပ်

ကြံခင်း ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရခြင်းသည် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို့အဖြစ် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါး သုံးစွဲလျှင်ရရှိလာမည့် ဆိုကျိုးများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ စိတ်ကြွရူးသွပ်ဆေး အန္တရာယ်အကြောင်း သိကောင်းစရာများ၊ စိတ်ကြွဆေး လတ်တလောသုံးစွဲမှု လက္ခဏာများ ရေရှည်သုံးစွဲလျှင် ခံစားရမည့်ဆိုကျိုးများ၊ ဆေးလိပ်အန္တရာယ်အကြောင်း သိကောင်းစရာများအား အသိပညာပေး ပြသထားကြောင်း သိရသည်။

အဆိုပါပြပွဲသို့ စာဌား၊ စာဖတ်သူများနှင့် Youth Club အသင်းအဖွဲ့ဝင်များ စာပေမြတ်နိုးသူများ တတ်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)