အင်္ဂပူမြို့နယ်တွင် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိ

အင်္ဂပူ  ဇွန်  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးကို ကိုဗစ်-၁၉ကူးစက် ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဇွန်၁ရက်နေ့နံနက်မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ‌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၇၃)ကျောင်းရှိရာ (အ.ထ.က) ကျောင်း(၁၄) ကျောင်း၊(အ-ထ-က-(ခွဲ) ကျောင်း(၁၇)ကျောင်း၊ အ-လ-က ကျောင်း (၁၀)ကျောင်း၊ (အ.လ.က-ခွဲ) ကျောင်း (၁၆)  ကျောင်း၊ အ-မ-က(မူ/လွန်) ကျောင်း (၁၁) ကျောင်း၊ (အ.မ.က)ကျောင်း(၁၉၉) ကျောင်း ၊ အ.မ.က(မူ/ခွဲ) ကျောင်း(၆) ကျောင်းရှိပြီး အခြေခံပညာကျောင်းများကို မေ(၂၄)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့ထိကျောင်းအပ်သူဦးရေ(၂၃၃၃၀)ဦးရှိပြီး‌ ကျောင်းတက်သူ(၂၀၀၆၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသား၊‌ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ် ချုပ်ရေးအဖွဲ့များနှင့်လုံခြုံ ရေးရယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

 မန်းကျော်(ပြန်/ဆက်)