အိမ်မဲ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက် (၄)လမ်းတွင် ဇွန်လ ၁ ရက် မွန်းလွဲ ၁ နာရီ ၅၅မိနစ် အချိန်က ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်မှာ အိမ်မဲမြို့ ချောင်းဝပိုင်းရပ်ကွက် ဘုရင့်နောင်လမ်းနေ ဦးသိန်းဦး (ပညာရေး-ငြိမ်း)၏နေအိမ်၌ မွန်းလွဲ ၁ နာရီ ၅၅ မိနစ် အချိန်တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍မီးလောင်ကျွမ်းမှုဖြစ်ပွားရာ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ကား ၄ စီးဖြင့် မီးငြိမ်သတ်ခဲ့ရာ မွန်းလွဲ ၂နာရီ ခွဲ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုးပျဉ်ထောင် (တစ်ထပ်) နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန်သေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်အိမ်ရှင်အား သက်ဆိုင်ရာ ရဲစခန်းတွင် ဥပဒေအရအရေးယူ ဆောင်ရွက်ထားရှိကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ)