အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုပွဲကျင်းပ

ပုသိမ် ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်သာသနာ့ဗိမ္မာန်တော်ကြီးတွင် ၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်ဖြေဆို လျက်ရှိကြောင်း သိရသည်။

ဓမ္မာစရိယ စာမေးပွဲကို ဇွန် ၁ ရက် မှစတင်ကာ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ဖြေဆိုသွားမည် ဖြစ်ကြောင်း မြို့နယ်သာသနာရေး ဦးစီးဌာနမှ သိရသည်။

ပုသိမ်မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ဓမ္မာစရိယစာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် သံဃာအပါး (၁၇၄)ပါးရှိသည့်အနက်မှ သံဃာ(၁၂၅)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

သံဃာတော်များ စာမေးပွဲဖြေဆိုနေမှုကို ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များက လာရောက်အားပေးကြည့်ရှု ပူဇော်ခဲ့ကြပြီး စာဖြေသံဃာတော် အရှင်သူမြတ် များအား လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြင့်ဟန်(ပုသိမ်ခရိုင်ပြန်/ဆက်)