ငါးသိုင်းချောင်းမြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

                                                       ငါးသိုင်းချောင်း၊ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ မြို့ပေါ်ရပ်ကွက်(၆)ခုရှိ အ-ထ-က ကျောင်း(၁)ကျောင်း၊ အလက(ခွဲ)(၂)ကျောင်းနှင့် မူလတန်းကျောင်း(၉)ကျောင်း အခြေခံပညာကျောင်း စုစုပေါင်း (၁၂)ကျောင်းတွင် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်အတွက် ယနေ့ ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများ စတင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ အ-ထ-က ငါးသိုင်းချောင်းကျောင်း၌ မေလ ၃၁ ရက်နေ့အထိ ‌ကျောင်းအပ်နှံမှုရာခိုင်နှုန်း (၂၁%)ရှိခဲ့ပြီး ယနေ့ ဇွန်လ (၁)ရက်နေ့တွင် အဆိုပါကျောင်း၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်အရ သတ္တမတန်း (သင်ရိုးသစ်)၊ အဌမတန်း(သင်ရိုးဟောင်း)၊ ဒဿမတန်း(သင်ရိုးဟောင်း) အတန်း များကို စတင်ဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ သက်ဆိုင်ရာအတန်းအလိုက် ကျောင်းအပ်နှံပြီးသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၄၁)ဦး (ရာနှုန်းပြည့်)တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ ဇွန်လ (၇)ရက်နေ့တွင် ဆ‌ဌမတန်း(သင်ရိုးသစ်)၊ သတ္တမတန်း (သင်ရိုးဟောင်း)နှင့် ဒဿမတန်း(သင်ရိုးသစ်) အတန်းများကို အလှည့်ကျ ဆက်လက် ဖွင့်လှစ်သင်ကြားပေး မည်ဖြစ်ကြောင်း သိရှိရပြီး အခြေခံပညာ ကျောင်းများ ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာ သင်ကြားနိုင်ရေး အတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး၊ကျောင်းနှင့်ကျောင်း ပတ်ဝန်း ကျင်သန့်ရှင်းရေး၊ လုံခြုံရေးအစီအစဉ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက အဆက်မပြတ်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
 
စိုးမင်းဦး(ပြန်/ဆက်)