တောင်တွင်းကြီး ဇွန် ၁
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သာသနာ့ဗိမ္မာန်တော်ကြီးတွင် ၂၀၂၁-ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့်(၁၂)နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဓမ္မာစရိယစာမေးပွဲ ဖြေဆိုရာတွင် စာသင်တိုက်(၃၄)တိုက်မှ ဓမ္မာစရိယစာဖြေသံဃာ (၄၉) ပါးနှင့် သီလရှင်နှစ်ပါးဖြေဆိုလျှက်ရှိပြီး ဇွန်(၁)ရက် မှ(၇)ရက်နေ့ထိ နေ့စဉ်မွန်းတည့် (၁၂) နာရီမှ ညနေ(၄)နာရီထိဖြေဆိုသွားမည်ဖြစ်သည်။
ဇွန် (၇) ရက်မှ(၁၃) ရက်နေ့ထိ ပါဠိပထမပြန်စာမေးပွဲကို ပထမကြီးတန်း(၁၅)ပါး၊ ပထမလတ် တန်း(၃၆)ပါး၊ ပထမငယ်တန်း(၆၀)ပါးနှင့် အခြေပြုမူလတန်း စာဖြေသံဃာ(၇၇)ပါးတို့ ဖြေဆိုမည်ဖြစ်ကြောင်းနှင့် တောင်တွင်းကြီး၊ မြို့သစ်၊ အောင်လံ၊ သရက်မြို့နယ်တို့မှ တောင်တွင်းကြီးစာစစ်ဌာနတွင် ဖြေဆိုခြင်းဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
နိုင်၀င်း