ထန်တလန် ဩဂုတ် ၉
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို နိုင်ငံတစ်ဝှမ်း၏ ထုတ်ပြန်ကြေငြာချက်အရ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၏ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေငြာခဲ့ပြီး ထန်တလန် မြို့နယ် အနေဖြင့် ဖြေဆိုသူ ၅၃၀ ဦးရှိကာ အောင်မြင်သူ ၆၁ ဦးရှိသဖြင့် ၁၁.၅၀၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
ထန်တလန် မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၆၁ ဦးတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူ (၆) ဦးရှိပြီး၊ ဇီဝဗေဒ ဘာသာ(၁)ဦး၊ ပထဝီဘာသာ(၂)ဦးနှင့် သမိုင်းဘာသာ (၃)ဦးရှိကြောင်း သိရသည်။
ထန်တလန်မြို့နယ်၏ တက္ကသိုလ်ဝင်တန်း အောင်မြင်မှု အနေဖြင့် ၂၀၁၉ ခုနှစ်တွင် ဖြေဆိုသူ (၄၅၁) ဦး၊ အောင်မြင်သူ (၆၁)ဦးရှိသဖြင့် အောင်မြင်မှု ၁၃.၅၂၅ ရာခိုင်နှုန်း၊ ၂၀၂၀ပြည့်နှစ်တွင် ဖြေဆိုသူ (၅၃၀) ဦး၊ အောင်မြင်သူ (၆၁) ဦးရှိသဖြင့် အောင်မြင်မှု ၁၁.၅၀၉ ရာခိုင်နှုန်း ရှိရာ ယခင်နှစ်ကထက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၂.၀၁၆ ရာခိုင်နှုန်း လျှော့ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)