ဘားအံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ဘားအံ       ဇွန်  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ် လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါကျောင်းများ ဖွင့်လှစ်ရာတွင် ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ကျောင်းသား/သူများ အား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်ဆေးခြင်း၊ Face Shield  နှင့် နှာခေါင်းစည်းများ ပေးအပ်ခြင်းစသည့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အခြေခံကျောင်းများဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး  လမ်းညွှန်ချက်များနှင့်အညီ ဘားအံမြို့နယ်တွင် အထက( ၃၂ )ကျောင်း၊ အထက(ခွဲ) (  ၂၄   )ကျောင်း၊ အလက (  ၁၅    )ကျောင်း၊ အလကခွဲ (  ၁၀   )ကျောင်း၊    အမက(လွန်) ( ၃၁ ) ကျောင်း၊  အမက ( ၇၀  )ကျောင်း၊ အမကခွဲ(၁ ) ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း (၂)ကျောင်း စုစုပေါင်း ( ၁၈၅ ) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိနေသောကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူး ထံမှ သိရသည်။

 

ခရိုင်   ( ပြန်/ဆက် )