ကျီခါး ဩဂုတ် ၉
၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ကိုဗစ်-၁၉ရောဂါကြောင့် အွန်လိုင်းမှ တစ်ဆင့် ဩဂုတ်လ (၉)ရက်နေ့ ယနေ့တွင် တစ်နိုင်ငံလုံး၌ ထုတ်ပြန်ကြေညာခဲ့ရာ ချင်းပြည်နယ်၊ ကျီခါးမြို့ စာစစ်ဌာန၌ အောင်ချက် (၂၁) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ကျီခါးမြို့၌ ၂ဝ၁၉-၂ဝ၂ဝ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၁၄ ဦးရှိပြီး၊ အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ (၄၄)ဦး၊ (၁)ဘာသာ ဂုတ်ထူးရှင် (၃)ဦးရှိကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်း (၂၁)ရာခိုင်နှုန်း ရှိကြောင်း ကျီခါးစာစစ်ဌာနမှ သိရသည်။
ဆလိုင်းလိန်းမာန် (ပြန်/ဆက်)