ငဖဲ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ အမျိုးသမီး များ အကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်း က အမျိုးသမီးဘ၀ဖွံ့ဖြိုး တိုးတက်ရေးအတွက်အမျိုးသမီးများအကြမ်းဖက်မှုမှကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးပြီး မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးမှူးဒေါ်ဟန်နီထွန်း က အမျိုးသမီး များအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အကြမ်းဖက်မှုအမျိုးအစားများဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာ အကြမ်း ဖက်ခြင်း၊ ထိခိုက်နစ်နာစေသောလူမှုဓလေ့ထုံးတမ်းဆိုင်ရာ အကြမ်ဖက်ခြင်းသိကောင်းစရာများ၊ အကြမ်းဖက်မှုဖြစ် ရခြင်း၏ အကျိုးဆက်များ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုများအား ဆောင်ရွက်ပေးမှုနှင့် အခြားဝန်ဆောင်မှု ပေးသည့် အခြေအနေများကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့သည်။
ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့်ကျောင်းသား ကျောင်းသူ များ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် Talk Show ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲများနှင့် စာကြည့်တိုက်ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများကို Onlineအစီအစဉ်ဖြင့် လစဉ်ကျင်းပ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မယု(ငဖဲ)