မြို့သစ် မေ ၃၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ ကျောင်း အပ်နှံရေးနေ့အခမ်းအနားကို မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်း မတွင် ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ နယ်မြေခံတပ်မှ တပ်ရင်းမှူး ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအသီးသီးမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ မြို့မိမြို့ဖများ တက်ရောက် ခဲ့ကြ သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးဆန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။
မြို့သစ်မြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းပေါင်း (၁၉၀) နှင့်ဘုန်းတော်ကြီးပညာသင် ကျောင်း(၂)ကျောင်းရှိသည့်အနက် ကျောင်းများ အားလုံးဖွင့်လှစ်နိုင်ရေး ၊ ကျောင်းအပ်နှံရေးနေ့ ရက် သတ္တပတ်အတွင်း ကျောင်းအပ်နှံနိုင်ရေး ၊ ကျောင်းပရိဘောဂ၊ ကျောင်းသုံးစာအုပ် ၊ စာရေးကိရိယာ နှင့် ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများကို အခမဲ့ဖြန့်ဝေပေးမှုများ ၊ ဆရာ / ဆရာမများနှင့် ကျောင်း သား / ကျောင်းသူများ စိတ်အေးချမ်းသာယာ ၊ လုံခြုံစွာဖြင့် ပညာသင်ကြားနိုင်ရေး အတွက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ပညာရေးဌာန ၊ ဌာနဆိုင်ရာများ ၊ မိဘပြည် သူများ ဝိုင်းဝန်း ပူးပေါင်း မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ၂၀၂၁ ခုနှစ် ၊ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ကျောင်းများ အားလုံး ပြန်လည်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့သစ်