တနင်္သာရီ မေ ၃၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း/အလယ်တန်းနှင့် မူလတန်းကျောင်း စာရင်းနှင့် မေလ ၃၀ ရက်နေ့တွင် အထက်တန်း/အလယ်တန်း/မူလတန်း ကျောင်းသား/သူများကို နေ့စဉ်ကျောင်းအပ်နှံမှုကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံမှု စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
မြို့နယ်အတွင်းရှိကျောင်းများ စာရင်းမှာ
၁ ။ အထက်တန်းကျောင်း ၁၄ - ကျောင်း
၂ ။ အလယ်တန်းကျောင်း ၂၂ - ကျောင်း
၃ ။ မူလတန်းကျောင်း ၁၀၄ - ကျောင်း
စုစုပေါင်း ကျောင်း(၁၄၀)ကျောင်းရှိပြီး ၊ ယမန်နေ့ မေလ ၃၀ ရက်နေ့ ကျောင်းအပ်နှံမှု စာရင်းမှာ-
၁ ။ အထက်တန်းအဆင့်ကျောင်းသား- ၂၀ ဦး
၂ ။ အလယ်တန်းအဆင့် ကျောင်းသား- ၃၇ ဦး
၃ ။ မူလတန်းအဆင့်ကျောင်းသူ/သား -၆၉ ဦး
စုစုပေါင်း(၁၂၆)ဦး ကျောင်းအပ်နှံခဲ့ကြရာ ယနေ့ကျောင်းအပ်ရာနှုန်းမှာ (၀.၄၃) ရာခိုင်နှုန်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)