လောင်းလုံး မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးနှင့် ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က လောင်းလုံးမြို့နယ် စီမံအုပ်ချုပ်ရေးရုံး ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လောင်းလုံး မြို့နယ်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌ ဦးအောင်ထိုက်က အဖွင့်အမှာစကား ပြောကြားရာ၌ သက်ဆိုင်ရာ ဌာနဆိုင်များ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လက်ရှိစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းများ လိုအပ်ချက်များကို ပူးပေါင်း ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လောင်းလုံးမြို့ နယ်မြေရဲစခန်းမှ ရဲမှူး အုန်းလွင်မှ ပြောကြားရာ၌ ဒေသအတွင်း လုံခြုံရေးနှင့် ပတ်သက်သော အကူအညီများ အချိန်မရွေး ဆက်သွယ်ပေးနိုင်ပါရန်နှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် မိမိမှာရှိသော ရဲတပ်ဝင်များနှင့် ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်၊။
ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဌာန၏ အခက်အခဲများကို တင်ပြ၍ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောက မိမိပညာရေးဌာနအနေဖြင့် ကြုံတွေ့ ရတဲ့ အခက်အခဲများနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်သော အကြောင်းအရာများ အား တင်ပြဆွေးနွေပြီး လောင်းလုံးမြို့နယ်အတွင်းရှိ ဒေသခံကျောင်းအုပ် ဆရာ/ဆရာမများအားလုံး မိမိတို့ ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များ ဆွေးနွေးပြောကြားကာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)