ကျောက်တံခါးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

ကျောက်တံခါး မေ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က  အထက(ခွဲ) (အနောက်ရပ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ကျောက်တံခါး မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းတို့က အဖွင့်အမှာစကားပြောကြား ရာတွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား ကျောင်းသူ များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ ကျောင်းအပ်လက်ခံရေး စနစ်တစ်ကျ စီစဉ်ဆောင်ရွက်ရေး၊ ကျောင်းနေအရွယ် ကလေး သူငယ်များ ပညာသင်ခွင့် မဆုံးရှုံးစေရန် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ ဆရာမများနှင့် မြို့နယ် ကျေးရွာအုပ်ချုပ်မှုးများ၊ ရပ်မိရပ်ဖများက အလေးထား ဆောင်ရွက်ပေးရန် စသည့် အချက် အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ကျောက်တံခါးမြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းပေါင်း(၂၂၈)ကျောင်း၊ ဘက(ကျောင်း) ()ကျောင်းရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေလ ၂၄ရက်မှ မေ၃၁ ရက်ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားပြီး ကျောင်းအပ်လက်ခံသွားမည် ဖြစ်ပြီ ကျောင်းအပ်နှံရာတွင် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံ မှု လုံးဝမရှိကြောင်းနှင့် ကျောင်းအပ်နှံရာတွင် ကျောင်းသုံပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်း(Mask) နှင့် face Shield တို့ကို အခမဲ့ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)