ရေဖြူ မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ရေဖြူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးကျော်ဇင်ဦး ဦးဆောင်သော အဖွဲ့သည် ယနေ့ နံနက် ၈ နာရီက ရေဖြူမြို့ လူစည်ကားရာ နေရာဖြစ်သော ကျောက်တိုင်လမ်းဆုံရှေ့တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ကျော်မိုးမြင့်၊ ရေဖြူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပြည်သူများကို ကိုဗစ်−၁၉ ရောဂါပိုးများ မိမိတို့ မြို့နယ်အတွင်း ဝင်ရောက်၍ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ပြည်သူများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များကို သိရှိလိုက်နာနိုင်ရန် အသိပညာပေးခြင်းအပြင် နှာခေါင်းစည်း Mask အခု (၅၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြူဖြူရှိန် (ရေဖြူ ပြန်/ဆက်)