ရေဖြူ မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အထက ရေဖြူကျောင်းရှိကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးညိုမောင်က တစ်မြို့နယ်လုံးရှိ ကျောင်းအပ်နှံမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌၊ မြို့နယ်အတွင်း ပညာသင်ယူရန် အခက်အခဲရှိသော ကျောင်းသား/ သူများအား ပညာရေးစေတနာရှင်၊ အလှူရှင်များမှ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း၊ အခမ်းအနားသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသားမိဘများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြူဖြူရှိန် (ရေဖြူ ပြန်/ဆက်)