ရွှေတောင်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရွှေတောင် မေ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီချိန်က (အ.ထ.က )ရွှေတောင် (ရတနာ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားပြီ မြို့နယ်ပညာရေးမှူး ဦးကြည်စိုးမှ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး ကျောင်းနေကလေးတိုင်း ကျောင်းထွက်ပပျောက်ရေးအတွက် မိဘများမှ မိမိ၏ သားသမီးများကို ကျောင်းအပ်နှံရာတွင် ပူးပေါင်းပါဝင်စေလိုကြောင်း ကျောင်းနေအရွယ် ကလေးအားလုံး မည်သည့် ခွဲခြားမှုမျိုးမှ မရှိစေပဲ အခွင့်အရေး တူညီစွာဖြင့် ပညာသင်ကြားခွင့်ရရှိစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းနေအရွယ် ကလေးများအား ပညာရေးဌာနမှ စာရေးကိရိယာနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင် (ပြန်/ဆက်)