သဲကုန်း မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ရွာသာယာအုပ်စု၊ ရွှေလင်ကျေးရွာ၏ မြေသားလမ်းခင်းခြင်း လုပ်ငန်း (၁၅၆၀' × ၁၂' × ၄') အား ယမန်နေ့က ပြည်ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် အဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ပြည်ခရိုင် ဦးစီးမှူး ဦးဟန်မြင့်ထွန်းသည် ကျေးရွာ စီ/ထောက် ကော်မတီဝင်များ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ မြေသားလမ်းအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ကြရန်၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးကြိုးစားဆောင်ရွက်ကြရန်နှင့် လမ်းရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် အစဉ်ဝိုင်းဝန်းထိမ်းသိမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)