ရွှေကျင် မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (ရွှေကျင်) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား စစ်ဗျူဟာအဖွဲ့ အခြေချ(ရွှေကျင်)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ဖုန်းအောင်က အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ် ပညာရေးကြီးကြပ်မှုကော်မတဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှမင်းသူမှ(၂၀၂၁-၂၀၂၂) ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် ပညာကို ဆုံးခန်းတိုင် သင်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တာဝန်ခံ(ဒု)မြို့နယ် ပညာရေးမှူး ဦးမြင့်သောင်းမှ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး ကျောင်းနေမြဲကလေးတိုင်း ကျောင်းထွက်ခြင်း ပပျောက်ရေးအတွက် မိဘများမှ မိမိ၏ သားသမီးများကို ကျောင်းအပ်နှံရာတွင် ပူးပေါင်းပါဝင်စေလိုကြောင်း ကျောင်းနေအရွယ် ကလေးအားလုံး မည်သည့် ခွဲခြားမှုမျိုးမှ မရှိစေပဲ အခွင့်အရေးတူညီစွာဖြင့် ပညာသင်ကြားခွင့်ရရှိစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)