ကဝမြို့နယ်၌  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ကဝ မေ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့်  ကျောင်းအပ်နှံရေး အခမ်းအနားကို မေလ ၂၈ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ..က ကဝ ဆရာကျော့ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်စီမံကောင်းစီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ အဖွင့် အမှာစကားပြောကြားပြီး  မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ဆင်းရဲနွမ်းပါးသော ကျောင်း (၁၀)ကျောင်းကို မြို့နယ် ပညာရေးမှူးရုံးက လှူဒါန်းသော ဗလာစာအုပ် (၁၀)ဒါဇင်ကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ အခမ်း အနားကို မြို့နယ်စီမံကောင်းစီဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။ နံနက် ၁၁ နာရီခွဲအချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်