ကျောက်ထု မေ ၂၈
ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့ဒေသတွင်း လူနေအိမ်ဆောက်လုပ်ရာ၌ အကာအရံ အဖြစ် အသုံးပြုသည့် ဝါးထရံကို ယခင်က ပခုက္ကူမြို့မှ ဝယ်ယူကာ အသုံးပြုခဲ့ရပြီး ယခုအခါ တွင် ဒေသတွင်းရက်လုပ် ရောင်းချသူများ ရှိလာသည့်အတွက် အဆင်ပြေစွာ ဝယ်ယူရရှိနေပြီ ဖြစ်သည်။
ဝါးထရံရက်လုပ်ရာတွင် ဒေသတွင်းပေါက်ရောက်သည့် တင်းဝါး၊ ကျသောင်းဝါးတို့ကို အသုံးပြုနိုင်ကြောင်းနှင့် တင်းဝါးကိုခွဲလွှာ၍ရက်လုပ်သည့် ထရံကို ဝယ်ယူသူပိုများကြောင်း ရက်လုပ်ရောင်းချသူတစ်ဦးက ပြောသည်။ ဝါးထရံရက်လုပ်ရန်အတွက် အရွယ်တော် တင်းဝါးတစ်လုံးကို ၇၀၀ ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ တင်းဝါးကိုထက်ခြမ်းခွဲ၊ ပါးပါးလွှာ၍ အနံ ၆ ပေဖြင့် အလျှား ၁၈ ပေအတွက် ဝါး ၁၂ လုံးခန့် အသုံးပြု ရက်လုပ် ရကြောင်း၊ တစ်ချပ်လျင် ၁၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချကြကာ ဝါးထရံ ရက်လုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကြကြောင်းနှင့် အသုံးပြုသူများက ရေရှည် ခိုင်ခံ့ရန် ကာရံပြီးလျင် ရေနံချေးသုတ်ကာ အသုံးပြုကြကြောင်း သိရသည်။
မောဟေမာန်