မအူပင် မေ ၂၈
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁:၀၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဉက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက ကလေးနှင့်ပတ်သက်သည့် အခွင့်အရေး (၄)ချက်အား ရှင်းလင်းဆွေးနွေးရန် ပြောကြားပြီး အသိပညာပေးရေးလုပ်ငန်းများကို ကျေးရွာများထိအရောက် ဟောပြောကွင်းဆင်းရေး၊ အသိပညာပေး လက်ကမ်းများဖြန့်ဝေရေး၊ Online ကနေတဆင့် အသိပညာပေးရေး ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည် ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးက ဦးစီးဌာနလုပ်ငန်းကြီး (၇)ရပ်မှ (၁)ခုအပါအဝင်ဖြစ်သည့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ရည်ရွယ်ချက်များ၊ CRC သမိုင်းကြောင်း၊ နိုင်ငံတော်မှ အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိသော အခွင့်အရေး(၄)ရပ် များအကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးမှု၊ ကျေးရွာ အရောက်ကွင်းဆင်းမှု၊ Online မှတဆင့် အသိပညာပေးမှု၊ ဥပဒေနှင့်အညီ ဆောင်ရွက်မှု အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆွေးနွေးခဲ့ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများ ထံမှသိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)