မင်းလှမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

မင်းလှ မေ ၂၈

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများတွေဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အခြေခံပညာကျောင်းများ ဇွန်လ (၁)ရက်နေ့တွင် ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊ ကိုဗစ်- ၁၉ ရောဂါကာ ကွယ်ရေးကိစ္စရပ်များ၊ ကျေးလက် မြို့ပြ လမ်း၊ တံတားနှင့် တည်ဆောက်ရေးကိစ္စရပ်များ၊ စိုက်ပျိုး မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးစသည့် ကိစ္စရပ်များကို  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး တင်မောင်သန်းက မြို့နယ် လုံခြုံရေးအတွက် စီမံဆောင်ရွက်ထားခြင်းများနှင့် လုံခြုံရေးအတွက် တောင်းဆိုမှုများရှိလာပါက ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်း‌ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ