မြို့သစ်မြို့နယ်၌ မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးအတွက် မီးသတိပေးလှုံ့ဆော်ခြင်းများ ဆောင်ရွက်

မြို့သစ်    မေ  ၂၈

မြို့သစ်မြို့နယ်  မီးသတ်ဦးစီးမှူးဦးဝေလင်းကျော်နှင့်တပ်ဖွဲ့ဝင်များက  မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်အတွင်းသို့ မီးသတိ ပေးလှုံ့ဆော်ခြင်းများကို ယမန်နေ့ ညနေ ၅နာရီအချိန်က သက်ဆိုင်ရာ နယ်မြေများတွင် လှည့်လည် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ထိုသို့ မီးသတိပေးခြင်းများ ဆော်ဩဆောင်ရွက်ရာ ချက်ပြုတ်ချိန်တွင် မိမိတို့အိမ်ရှိ မီးဖိုများကို  အသုံးပြုရာ၌  စနစ်တကျကာရန်၍  ချက်ပြုတ်ကြရန် ၊ ချက်ပြုတ်ပြီးပါက မီးကိုငြိမ်းသည်အထိ ငြိမ်းသတ်ကြရန် ၊   ချက်ပြုတ်ချိန်တွင် မီးဖိုအနီးတွင် ရေအိုး ရေခွက်များ အသင့်ထားရှိကြရန် ၊ မီးဖို အနီးတွင် လောင်စာဆီများမထားကြရန် ၊ ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုး ၊ မီးခလုတ် ၊ မီး အားမြှင့်စက်များကိုအသုံးပြုပီးပါက စနစ်တကျပြန်လည် ပိတ်/ဖွင့်ပြုကြရန် ၊  အသုံးမပြုသည့် လျှပ် စစ်ပစ္စည်းများကိုအသုံးမပြုပါက သက်ဆိုင်ရာ  လျှပ်စစ်ဝန်ထမ်းများနှင့် ဆက်သွယ်ပြသဆောင်ရွက် ပြီး   ဖြုတ်ထားပေးရန်နှင့်ပိတ်ထားကြရန် ၊  ရပ်ကွက်/ကျေးရွာများအတွင်းရှိ မိမိတို့အိမ်တွင် အသင့် ထားရှိသော မီးချိတ် ၊ မီးကပ် ၊ သဲပုံး ၊ ရေပုံး ၊  လှေကားနှင့် မီးသတ်ဆေးဗူးတို့ကို  အသင့်ထားရှိကြ ရန် ၊ မီးအသုံးပြုချိန်အား နေ့စဉ် နံနက် ၄ နာရီ မှ ၁၁နာရီထိနှင့် ညနေ  ၃ နာရီမှ  ည၈နာရီအချိန်ထိ အသုံးပြုကြရန် စသည့်အချက်များကို မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင် များက ညစဉ်ညတိုင်းလှည့်လည် ဆော်ဩဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုဇော်