ကြံခင်းမြို့တွင် အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ကြံခင်း  မေ  ၂၈

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် ယမန်နေ့က အမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း မြိုနယ်ပြည်သူဆေးရုံမှတာဝန်ရှိသူထံကသိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာသည် ကြံခင်းမြို့ ရွှေတောင်စုရပ်ကွက် အောင်မ င်္ဂလာလမ်းတွင် နေထိုင်ပြီး အသက်(၄၇)နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ ၊ခရီးသွားရာဇဝင်မရှိကြောင်း၊ မေလ (၂၇)ရက် နေ့နံနက်ပိုင်းတွင် အနံ့မရသဖြင့်ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံတွင်လာရောက်ပြသရာ ကိုဗစ်-၁၉တွေ့ရှိရ သည့်အတွက် ပြည်သူ့ဆေးရုံကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး သီးသန့်ဆောင်တွင်ထားရှိပြီး ဆေးကုသပေး လျှက်ရှိကြောင်း၊ ၎င်းအမျိုးသမီးနှင့် တစ်အိမ်တည်းနေထိုင်သူ ကျား(၅)ဦး ၊ မ(၃)ဦးတို့အား Home Quarantineထားရှိပြီး စောင့်ကြည့်ကုသပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်)