ပွင့်ဖြူ မေ ၂၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်းတွင် ကျောင်းသားကျောင်းသူများ စိတ်အေးလုံခြုံစွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စု ဘတ်ဂျတ်ဖြင့် အာရ်စီနှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်းရှိ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေးအတွက် ပြည်ထောင်စုဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်နေသည့် အာရ်စီနှစ်ထပ် ကျောင်း ဆောင်သစ်မှာ အလျား ၁၄၀ ပေ ၊ အနံ ၃၀ ပေ ရှိပြီး မကွေးမြို့၊ အောင်ပဒေသာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရကာ လက်ရှိတွင် ကျောင်းဆောင်သစ်မှာ ၆၀ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးပါက ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်းရှိ ကျောင်းသား ကျောင်းသူ ၇၇၀ ဦးအတွက် စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကံသာကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလွင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )