မင်းဘူး(စကု)မြို့နယ် ကိုင်းမကြီးကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

မင်းဘူး          မေ      ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကိုင်းမကြီးကျေးရွာမှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ် ကိုင်းမကြီးကျေးရွာတွင် မေလ ၂၂ ရက်နေ့က လေပြင်းတိုက်ခတ် မှုကြောင့် အိမ်ခြေ (၄)လုံး၊ အိမ်ထောင်စု (၄)မှ လူဦးရေ(၁၅)ဦး လေဘေးသင့်ခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါ လေဘေးသင့် အိမ်ထောင်စု (၄)စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀) နှင့် လူဉီးရေ (၁၅)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာ တန်ဖိုးငွေကျပ် (၃၁,၅၀၀)၊ စုစုပေါင်း ထောက်ပံ့ပေးအပ်ငွေ (၂၃၁,၅၀၀) ကျပ်တိတိကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းထံမှ သိရှိရသည်။

မောင်မောင်(မင်းဘူး)