တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်

ထားဝယ်             မေ     ၂၅

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ယနေ့တွင် ထားဝယ်မြို့ကျက်သရေဆောင်လောကမာရဇိန်ဘုရားကြီး အတွင်းရှိမဟာဗောဓိညောင်ပင်တွင် ယနေ့နံနက် ၈ နာရီ က တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လောကမာရဇိန်ဘုရားကြီးအတွင်း တည်ထားကိုးကွယ်သော ဗုဒ္ဓရုပ်ပွားဆင်းတုတော် မြတ်အား တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူဇော်ပြီး ရွှေတောင်စား စေတီတော်မြတ်ကြီးအားဖူမြော်ကြည်ညိုသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များက လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း မဟာဗောဓိညောင်ပင်အား ညောင်ရေ သွန်းလောင်း ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။                               

ထားဝယ်ခရိုင်