အုတ်တွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တော်ဆိုင်ကယ်ပြင်သင်တန်း အမှတ်စဉ် (၁/၂၀၂၁)သင်တန်းဆင်းပွဲ အခမ်းအနား

အုတ်တွင်း       မေ       ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တော်ဆိုင်ကယ်ပြင်သင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ကြက်တက်ညောင်ပင်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲအခမ်းအနားတွင် တောင်ငူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးစိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသို့ တက်ရောက်လာသော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထောက်ပံ့ငွေများကို တောင်ငူခရိုင် ဦးစီးမှူး ဦးစိုးနိုင်က ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်က သင်တန်းနည်းပြဆရာအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်သမဝါယမ ဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့က သင်တန်း ထောက်ပံ့ငွေများကို သင်တန်းသားများအား သင်တန်းထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ရာ သင်တန်းသား ထောက်ပံ့ငွေတစ်ဦးလျှင် ငွေကျပ်တစ်ထောင်နှုန်းဖြင့် ရက်(၂၀)အတွက် ငွေကျပ်နှစ်သောင်း၊ သင်တန်းသား(၂၀)ဦးအတွက် သင်တန်းထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ်လေးသိန်းနှင့် မော်တော်ဆိုင်ကယ်ပြင်သင်တန်းအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်း များလည်း ထောက်ပံ့ပေးအပ်ခဲ့ရာ ကြက်တက်ညောင်ပင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခင်မာ(ပြန်/ဆက်)