ဆိပ်ဖြူ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြိုနယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ် ဌာနဆိုင်ရာများ ပါဝင်သည့်အဖွဲ့ဝင်များ၊ နယ်မြေလုံခြုံရေးအဖွဲ့များ ပူးပေါင်းပြီး ဆိပ်ဖြူမြို့နယ် အတွင်း ကျောင်းအပ် လက်ခံနေခြင်းများနှင့် အခြေခံပညာစာသင်ကျောင်းများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး မေလ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်က လိုက်လံကွင်း ဆင်းကြီးကြပ် ဆောင်ရွက်လျက် ရှိသည်။
ဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း (၁၃၉) ကျောင်းရှိရာ ၂၀၂၁-၂၀၂၂ ပညာသင် နှစ်၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို မေလ၂၄ ရက်နေ့မှ စတင်ပြီး ကျောင်းအပ်လက်ခံ ဆောင်ရွက်လျက်ရှိကြကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက်ထားခြင်း ရှိ/မရှိနှင့် ကျောင်းသား၊ ကျောင်းသူ များ ပညာသင်ကြားရာတွင် အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား/ သူများနှင့်မိဘများ၊ ဆရာ/မများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ ဆွေးနွေးပြောကြားပြီး ပညာသင်ကြားရာတွင် (အခမဲ့) ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကိုလည်း ပူးပေါင်းလိုက်နာ ပါဝင်ဆောင်ရွက်ရေး ကျောင်းအပ် လက်ခံရာတွင် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ကိုမျိုး (ယောဧရာ)