ဝေါလေမြိုင် မေ ၂၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဝေါလေမြိုင်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ် လက်ခံပေးလျက်ရှိသည်။
ထိုသို့ကျောင်းအပ်လက်ခံရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး စည်းမျဉ်း စည်းကမ်း များနှင့်အညီ ကျောင်းအပ်လက်ခံပေးလျက်ရှိပြီး ကျောင်းအပ်နှံရာတွင်လည်း အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းပိတ် (Mask) နှင့် မျက်နှာကာ (Face Shield) တို့ကိုလည်း အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေါလေမြိုင်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)