ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်း၌ ကျောင်းအပ်နှံမှုများ ဆောင်ရွက်

ကျိုက်ဒုံ မေ ၂၄

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် (၂၀၂၁-၂၀၂၂)ပညာသင်နှစ် ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံရေး ရက်သတ္တတစ်ပတ်အဖြစ် မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် ကျောင်းသား၊ ကျောင်းသူ များအား စတင်ကျောင်းအပ်လက်ခံခဲ့ကြောင်း သိရသည်။

ကျောင်းအပ်နှံမှုများ ဆောင်ရွက်ရာမှာ ကျောင်းဝင်းရှေ့မုဒ်ဦးအဝင်၌ ဗီနိုင်းဖြင့် လိုက်နာရမည့် စည်းကမ်းချက်များ ကပ်ထားပေးခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်း၊ ဘာသာရပ်များ သိရှိနိုင်ရန်အတွက် ဘာသာတွဲများအလိုက် ကပ်ပေးထားခြင်း၊ ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသားကျောင်းသူမိဘများအား အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ အခမဲ့ပေးအပ်ခဲ့သည်။

အဆိုပါကျောင်းအပ်နှံမှုကို မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ဒုံ (ပြန်/ဆက်)