ချောင်းသာ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးသတင်းပတ်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ချောင်းသာမြို့အတွင်းရှိ သက်ဆိုင်ရာ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ ကျောင်းလာရောက်အပ်နှံရာတွင် ပညာရေးဝန်ကြီးဌာနက ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးပြဌာန်းစာအုပ် (ပုံနှိပ်စာအုပ်) တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင် ၂ ချောင်း၊ ခဲတံ ၂ ချောင်း၊ နှာခေါင်းစည်း ၂ ခု၊ Face Shield တစ်စုံတို့ကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ ကျောင်းအပ်နှံရေး သတင်းပတ်ဖြင့် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)