ရေနံချောင်း မေ ၂၄
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၄ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၅၀ တွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်လျက် ရှိသည်။
ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ရာတွင် ရေနံချောင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူများက အတန်းခွဲ အလိုက် လာရောက်အပ်နှံကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုအောင်နှင့် အတန်းခွဲ အလိုက် တာဝန်ခံဆရာ၊ ဆရာမများက စနစ်တကျ ကျောင်းအပ်လက်ခံပေးပြီး နိုင်ငံတော်မှ ထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကိုလည်း အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံကျောင်းများစတင်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရေနံချောင်းမြို့ အ.ထ.က(၁)ကျောင်းအဝင်နှင့် စာသင်ခန်းများရှေ့တွင် လက်ဆေးဘေစင်များ ထားရှိပေးထားပြီး စာသင်ခန်းတစ်ခန်းလျှင် လူဦးရေ ၄၀ ဦးခန့်ဖြင့် G-6၊ G-7၊ G-10 စနစ်သစ် အတန်းများကို နံနက်ပိုင်းတွင်လည်းကောင်း၊ G-8၊ G-9၊ G-11 စနစ်ဟောင်းအတန်းများကို မွန်းလွဲပိုင်းတွင်လည်းကောင်း အချိန်ခွဲ၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီးထံမှ သိရသည်။
မြို့နယ်